ကလေးတွေ ဝမ်းလျှောရင် ဓာတ်ဆားရည် ဘယ်လိုတိုက်မလဲ?

2. အမြဲတမ်းလာမေးကြတာ က အမေ က ကလေးအစားဓာတ်ဆားသောက်ရင်ရလား/ သောက်နေကြတယ်...လုံးဝမရပါဘူး ။ကလေးဗိုက်ထဲက ထွက်သွားတဲ့ ရေဓာတ်နဲ့ သတ္တုဓာတ်တွေက အမေနို့ထဲ ကနေ ကလေးဆီ ပြန်ပြီး မရောက်ပါဘူး ။ အမေဓာတ်ဆားသောက်ရင် အမေ့ဆီမှာပဲ ဓာတ်ဆားအာနိသင်ရမှာ ။ ကလေးကို တိုက်ရိုက်တိုက်တဲ့ ဓာတ်ဆားရည်လိုမျိုး အမေနို့ထဲကနေ မရနိုင်ဘူး ။ဒီလိုပြောလို့ ကလေးဝမ်းလျှောနေချိန် အမေနို့ မတိုက်ရတော့ဘူး လို့ ဆိုချင်တာမဟုတ်ဘူး ။ ကလေးဝမ်းလျှောနေချိန် အမေနို့ ရော ၊ ဓာတ်ဆားရည်ကိုရော တိုက်ရပါမယ် ။ အမေနို့လဲ ပိုတိုက်ရမယ် ၊ ဓာတ်ဆားရည်လဲ မကြာမကြာပိုတိုက်ရမယ် ။---------------------------ကလေး ဓာတ်ဆား ဘယ်နှစ်မျိုးရှိလဲ ?ကမ္ဘာ့ကျန်းမာရေး WHO ကနေ ကလေးဝမ်းလျှောရင် တိုက်ရမယ်လို့ အသိအမှတ်ပြုထားတဲ့ ဓာတ်ဆား က တစ်မျိုးပဲ ရှိပါတယ် ၊ORS ဓာတ်ဆားပါ ၊ Formula တစ်ခု ထဲပါ ။ ထုတ်လုပ်တဲ့ ကုမဏ္ဏီနာမည် အမျိုးမျိုးရှိနိုင်ပါတယ် ။ဓာတ်ဆားထုတ်ကို ကြည့်လိုက်ရင် ORS လို့ရေးထားတဲ့ စာလုံးတွေ တွေ့ရပါမယ် ။ORS ဓာတ်ဆားတွေက ငန်ပါတယ် ၊ ကလေးတွေ မကြိုက်တတ်ပါဘူး ၊ ဒါပေမယ့် ကလေးမကြိုက်လို့ဆိုပြီး ORS မဟုတ်တဲ့ သီးစုံဓာတ်ဆားတွေ သွားတိုက်လို့မရပါဘူး ။ ဝမ်းပိုလျှောတတ်ပါတယ် ။----------------------------ကလေးဓာတ်ဆားရည်ဖျော်နည်း ဓာတ်ဆားထုတ်ထဲ ရေးထားပါတယ် ၊ အချို့ အထုတ်လေးတွေမှာ 150cc လို့ရေးထားရင် ဓာတ်ဆားမှုန့် တထုတ်လုံး ရေ ၁၅၀စီစီ ရောပြီးဖျောရပါမယ် ၊ အချို့အထုတ်တွေမှာ တော့ 1 Litre လို့ရေးထားတာကြောင့် ရေ တစ်လီတာ နဲ့ ရောဖျော်မှရပါမယ် ။ ဓာတ်ဆား အထုတ်ကို ဖျော်ပြီး ၂၄ နာရီအတွင်း အသုံးပြုမှ အာနိသင် အပြည့်ရမှာပါ ။----------------------------ကလေးကို ဓာတ်ဆားရည်ဘယ်လောက်ပမာဏ တိုက်ရမလဲ ? ဘယ်နှစ်ကြိမ်တိုက်ရမလဲ ? ၆ လ အောက်ကလေး - ၁၅မိနစ် တစ်ခါ 5-10cc တိုက်ပါ ။ ( လဘ္ကရည်ဇွန်း ၁ဇွန်း = 5cc )၆ လ အထက် ကနေ ၂နှစ် အထိ ဝမ်းတစ်ခါသွား ပြီးတိုင်း 50-100 cc တိုက်ပါ ။ ၂ နှစ်အထက် ကလေးငယ်တွေကို ဝမ်းတစ်ခါသွား ပြီးတိုင်း 100-200 cc တိုက်ပါ ။ဝမ်းမရပ်မချင် တိုက်လို့ရတယ် ၊ သို့မဟုတ် ကလေးမှာ ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေပေါ်လာရင်တော့ ဆေးရုံဆေးခန်းပြရပါမယ် ။-----------------------------ဓာတ်ဆားတိုက်ပြီး ဝမ်းပိုလျှောလာရင် ရပ်လိုက်ရမလား?ဆက်တိုက်မှရမယ် ၊ ORS တိုက်တယ်ဆိုတာ ကလေးဆီကနေ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဆား/သတ္တုဓာတ်တွေ ပြန်ဖြည့်တင်းဖို့ ဖြစ်ပါတယ် ။ ဓာတ်ဆားတိုက်ပြီး ဝမ်းပိုလျှောလာတာက ဓာတ်ဆားဖျော်နည်းမှားနေလို့လည်းဖြစ်နိုင်သလို ကလေးရဲ့ ရောဂါအခြေအနေ ပိုဆိုးလာတာကြောင့်လဲ ဖြစ်နိုင်ပါတယ် ။ ဓာတ်ဆားဖျော်နည်းမှန်ဖို့လိုပါတယ် ၊ အထုတ်ထဲမှာရေးထားတဲ့ ရေပမာဏအတိအကျ ဖျော်ဖို့လိုပါတယ် ၊ ၂၄ နာရီအတွင်း တိုက်ဖို့လိုပါတယ် ။ ဖျော်တဲ့ ရေက ရေသန့်ဖြစ်ဖို့လိုပါတယ် ။ဓာတ်ဆားတိုက်တာ ရပ်လိုက်မယ်ဆိုရင် ကလေးအခြေအနေ ပိုဆိုးသွားနိုင်ပါတယ် ။------------------------------ဓာတ်ဆားတိုက်ပြီးအန်ရင် ရပ်လိုက်ရမလား?မရပ်ရပါဘူး ။ အန်လိုက်တဲ့အခါ ၁၀မိနစ် ခဏပေးနားလိုက်ပါ ၊ ပြီးရင် နည်းနည်းကနေ စပြီးပြန်တိုက်ပေးပါ ။အကယ်၍ ကလေးက ဆက်တိုက်အန်နေတယ် ၊ သို့မဟုတ် ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာရှိနေရင်တော့ ဆေးရုံပြဖို့လိုပါတယ် ။-----------------------------ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေက ဘာတွေလဲ ?နှုတ်ခမ်း ခြောက်ခြင်းလျှာခြောက်အရေပြား ခြောက်ခြင်း ငိုရင် မျက်ရည်မထွက်မျက်တွင်းချိုင့် ၊ ဟောက်ပက်ဖြစ်၁နှစ်အောက်ကလေးငယ်တွေ ငယ်ထိပ်ချိုင့်ဆီးသွားနည်းကလေးဂျီ/နှုန်း ၊ သတိလစ်ဆရာဝန်ဆီဒီလိုအခြေအနေမှာတော့ မဖြစ်မနေပြပါပြီးရင် ကလေးက အရမ်းအဖျားကြီးနေတယ်ဆက်တိုက်အန်နေတယ်ဗိုက်အရမ်းနာနေတယ်ဝမ်းလျှောတာ ၂ ရက်ကျော်လာပြီဝမ်းထဲသွေးပါနဂိုကတည်းက ကျန်းမာရေးမကောင်းဘူးဒါတွေရှိရင်လည်း မဖြစ်မနေပြဖို့လိုပါတယ် ။
ကလေးတွေ ဝမ်းလျှောရင် ဓာတ်ဆားရည် ဘယ်လိုတိုက်မလဲ?

ကလေးတွေ ဝမ်းလျှောရင် ဓာတ်ဆားရည် ဘယ်လိုတိုက်မလဲ?

  • Dr Tun

  • 2 minute read

Related Posts

    No Posts Found