အေးလာရင် ထဖောက်တတ်တဲ့ ပန်းနာရင်ကျပ်ရောဂါ

အေးလာရင် ထဖောက်တတ်တဲ့ ပန်းနာရင်ကျပ်ရောဂါ

အေးလာရင် ထဖောက်တတ်တဲ့ ပန်းနာရင်ကျပ်ရောဂါ

  • Dr Tun

  • 1 minute read

ပန်းနာရင်ကျပ် (Asthma) ဆိုတာ အဆုတ်နဲ့ လေပြွန်တွေမှာ ဖြစ်ပွားတဲ့ နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါဖြစ်ရင် လေပြွန်တွေ ရောင်ရမ်းပြီး ကျဉ်းသွားတာကြောင့် အသက်ရှူရခက်ခဲလာပါတယ်။

ပန်းနာရင်ကျပ်ရဲ့ အဓိက လက္ခဏာတွေကတော့ -

၁။ အသက်ရှူကြပ်ခြင်း

၂။ ရင်ဘတ်ကျပ်ခြင်း

၃။ ချောင်းဆိုးခြင်း (အထူးသဖြင့် ညဘက်နဲ့ မနက်စောစောပိုင်းမှာ)

၄။ ရင်ဘတ်ထဲကနေ ဝီစီသံထွက်ခြင်း (တရွှီးရွှီးမြည်)

ပန်းနာရင်ကျပ်ဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ -

၁။ မျိုးရိုးဗီဇ

၂။ ပတ်ဝန်းကျင်ညစ်ညမ်းမှု (ဥပမာ - လေထုညစ်ညမ်းမှု၊ ဆေးလိပ်ငွေ့)

၃။ အချို့သော ဓာတ်မတည့်မှုများ (ဥပမာ - ဖုန်မှုန့်၊ ပန်းဝတ်မှုန်၊ တိရစ္ဆာန်အမွှေး)

၄။ ရာသီဥတု ပြောင်းလဲမှု

၅။ စိတ်ဖိစီးမှု

ကုသမှုအနေနဲ့ ရောဂါလက္ခဏာ ပြင်းထန်မှုပေါ် မူတည်ပြီး ဆေးဝါးများ ပေးလေရှိပါတယ်။ ဥပမာ -

၁။ ရုတ်တရက် လက္ခဏာပြခြင်းအတွက် အရှူဆေး (Inhaler) များ

၂။ ရောင်ရမ်းမှုကို လျော့ချဖို့ Corticosteroids ဆေးများ

၃။ ရောဂါကို ထိန်းချုပ်ဖို့ ပုံမှန်သောက်ရတဲ့ ဆေးများ

ဒါ့အပြင် ရောဂါဖြစ်ပွားမှု လျော့နည်းစေဖို့ -

၁။ ဓာတ်မတည့်တဲ့အရာတွေကရှောင်ရှားခြင်း

၂။ ပုံမှန်လေ့ကျင့်ခန်း လုပ်ခြင်း

၃။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်စားခြင်း

၄။ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း

တို့ကို လုပ်ဆောင်သင့်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါဟာ ပြသနာရှိပေမယ့် သင့်လျော်တ ကုသမှုနဲ့ နေထိုင်ပုံစံ ပြောင်းလဲခြင်းအားဖြင့် ထိရောက်စွာ ထိန်းချုပ်နိုင်ပါတယ်။

#DrZinMinTun

#HIPအဆင့်မြင့်ဆေးဝါးသင်တန်း