ပန်းနာရင်ကျပ်ရောဂါကို လုံးဝ ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ဒါပေမယ့် ရောဂါထဖောက်တာတွေကို လျှော့ချနိုင်ပါတယ်။
၂။ ပတ်ဝန်းကျင် သန့်ရှင်းရေးကို ဂရုစိုက်ပါ ။
- အိမ်ကို ပုံမှန်သန့်ရှင်းလုပ်ပါ။
- ဖုန်မှုန့် တွေ များနေရင် ပန်းနာရင်ကျပ် ပိုဖြစ်စေတတ်ပါတယ် ။
- ဖြစ်နိုင်ရင် Air Purifier လေသန့်စင်စက် သုံးစွဲပါ။
- သင့်အတွက် ဓာတ်မတည့်မှုဖြစ်စေသော အစားအစာများကို ရှောင်ကြဉ်ပါ။
- ပန်းဝတ်မှုန့်၊ တိရစ္ဆာန်အမွှေး စတာတွေကို ရှောင်ရှားပါ။
- ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်များ စားသုံးပါ။
- ဗီတာမင်နှင့် သတ္တုဓာတ်များ လုံလောက်စွာ ရရှိအောင် စားသုံးပါ။
- ရေကို လုံလောက်စွာ သောက်သုံးပါ။
- တစ်ပတ်ကို အနည်းဆုံး ၁၅၀ မိနစ် အသင့်အတင့် လေ့ကျင့်ခန်းများ လုပ်ဆောင်ပါ။
- လမ်းလျှောက်ခြင်း၊ ရေကူးခြင်း စသည့် သင့်တော်သော လေ့ကျင့်ခန်းများ ရွေးချယ်ပါ။
- အဝလွန်ရင် ပန်းနာရင်ကျပ်ဖြစ်ပွားမှု အန္တရာယ်ကို တိုးစေနိုင်ပါတယ်။
- တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခန်းများ လုပ်ဆောင်ပါ။
- အနားယူခြင်းနှင့် အိပ်စက်ခြင်းကို လုံလောက်စွာ ပြုလုပ်ပါ။
- အအေးမိခြင်းမှ ကာကွယ်ရန် ဆောင်းရာသီတွင် လူထုကြားထဲ သွားတဲ့အခါ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားပါ။
- မိုးရာသီတွင် စိုထိုင်းဆ မြင့်မားချိန် အိမ်ပြင်ပထွက်တာကို ရှောင်ပါ။
- အိမ်ထဲမှာ စိုထိုင်း ဆ များနေရင် Aircon ကို Dry Mode နဲ့ ပုံမှန်ဖွင့်ပေးကြည့်ပါ ။
- လေထုညစ်ညမ်းမှု မြငချိန်တွင် အိမ်တွင်းသာ နေထိုင်ပါ။
- ကားများ၊ စက်ရုံများ ရှိရာဒေသများတွင် နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။
- နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများလုပ်ပါ။
- သင့်မိသားစုတွင် ပန်းနာရင်ကျပ်ရောဂါ ရှိခဲ့ဖူးပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
- ကိုယ်ဝန်ဆောင်စဉ် ဆေလိပ်သောက်တာကို လုံးဝရှောင်ကြဉ်ပါ။
- ကလေးငယ်ကို ၆လပြည့်တဲ့ အထိ မိခင်နို့ တစ်မျိုးတည်းတိုက်ကျွေးပေးပါ ၊ ကလေး ကိုယ်ခံအားကောင်းစေဖို့ အထောက်အကူဖြစ်စေပါတယ် ။
- အလုပ်ခွင်တွင် ဓာတုပစ္စည်းများ၊ ဖုန်မှုန့်များနှင့် ထိတွေ့မှုကို လျှော့ချပါ။
- လိုအပ်ပါက သင့်လျော်သော မျက်နှာဖုံးများ၊ လက်အိတ်များ အသုံးပြုပါ။
ဒီအချက်တွေကို လိုက်နာနိုင်မယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို သိသိသာသာ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ သို့သော်လည်း မျိုးရိုးဗီဇကြောင့် ဖြစ်ပွားနိုင်ခြေရှိသူများအနေဖြင့် ဆရာဝန်နှင့် ပုံမှန်တိုငပင်ဆွေးနွေးသင့်ပါတယ်။
#DrTun
#DrZMT
#DrZinMinTun
#HIPအဆင့်မြင့်ဆေးဝါးသင်တန်း
#ဆေးဝါးကျွမ်းကျင်