မလိုပါဘူး ။
ဘာကြောင့်လဲ ဆိုရင် ဖျားတယ်ဆိုတာ အများစုက ရိုးရိုးသာမာန် ဖျားကြတာ ။ ကိုယ်ခံအားကကောင်းနေရင် ၂ရက် ၃ရက်နေရင် သူ့အလိုလိုတောင်ပြန်ပျောက်သွားကြတဲ့ အဖျားတွေပါ ။
ရာသီတုပ်ကွေးပိုး ၊ အအေးမိပိုး တွေက Virus ပိုးတွေပါ ။ ကိုယ်ခံအားကောင်းရင် သူ့အလိုလိုပြန်ပျောက်ပါတယ် ။ ဆေးထိုးမှ ပျောက်မယ့်ရောဂါတွေမဟုတ်ပါဘူး ။
ဘယ်အချိန်မှာ ဆေးထိုးဖို့ လိုလာနိုင်လဲ ဆိုရင် ဆေးမသောက်နိုင်လောက်အောင်ဖျားနေရင် ၊ ခြေဆစ်လက်ဆစ်တွေ ရောင်ပြီး ကိုက်နေတာက လှုပ်မရအောင် ဆိုးနေရင် ၊ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရောင်နေရင် ၊ ဘတ်တီးရီယားပိုးတွေကြောင့်ဖျားတာလို့ ယူဆရရင် ဆေးထိုးပါတယ် ။ ထိုးတဲ့ ဆေးအမျိုးအစားက ဖြစ်တဲ့ ရောဂါပေါ်မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ် ။
ဒါကြောင့် ဖျားတိုင်းဆေးထိုးဖို့မလိုပါဘူး ၊ ဆေးထိုးဖို့ လိုလာရင် ဆရာဝန် ၊ ကျန်းမာရေးဝန်ထမ်းရဲ့ ညွှန်ကြားတဲ့ အတိုင်းပဲ လိုက်နာပေးပါ ၊ မလိုအပ်ပဲ ကိုယ့်သဘောနဲ့ ကိုယ် ဆေးတွေ လျှောက်မထိုးပါနဲ့ ။
DrZMT